Saturday, November 16, 2013

အေးပါကွာ


တစ်ခါက အလွန်ချမ်းသာသော လူတစ်ယောက်သည် မြေ ဧက ၄၀၀ ကျော်သော မြေတစ်ကွက်ကိုဝယ်လိုက်၏။ ထိုသို့ ၀ယ်ရာတွင် တန်ဖိုးထက် အဆမတန် ပိုပေး၍ ၀ယ်လိုက်ခြင်းဖြစ်၏။ ဤသို့ ၀ယ်ရခြင်းမှာလည်း ၄င်းခြံထဲတွင် သက်တမ်းနှစ် ၃၀၀ ကျော် ပြီဖြစ်သော ထင်းရူးပင်ကြီး တစ်ပင် ရှိသောကြောင့်ဖြစ်လေသည်။ူသူဌေးကြီးမှ မိတ်ဆွေများအား ထင်းရူးပင် ကြီး အကြောင်းကို ပြောပြသောအခါ မယုံကြည်ကြပေ။... သို့နှင့် သဌေးကြီးလည်း မိတ်ဆွေများအား သက်သေပြရန် ထိုခြံစောင့်လုပ်သူကို ခေါ်ပြီး .....ထင်ရူးပင် သက်တမ်း အတိအကျ သိရအောင် စုံစမ်းရန် စေလွှတ်လိုက်၏။ လေးရက်ခန့် ကြာသောအခါ ထိုခြံစောင့်ပြန်ရောက်လာ၏။ သဌေးကြီး ကို
လည်း သူတွေ့ ရှိခဲ့သည်များကို ၀မ်းသာအားရနှင့် ပြောပြ၏။ " သတင်းကောင်းပဲ......သဌေးကြီး ခင်ဗျာ။ အဲဒီ ထင်းရူးပင်ကြီးဟာ သက်တန်း ၃၃၂ နှစ် ရှိပါပြီ ...." သဌေးကြီးလည်း မိတ်ဆွေများရှေ့တွင် ပြုံးရွှင်စွာဖြင့်....... " တယ်ဟုတ်ပါလားကွ။....မင်းတယ်တော်ပါလား...။ဒါနဲ့ ဒီလို အတိအကျ သိရအောင် မင်းဘယ်လို စုံစမ်းခဲ့သလဲ ဟေ့..".ဟုမေးလေသည်။ ထိုအခါ ခြံစောင့်မှ ပြန်ဖြေလိုက်တာက........ " လွယ်လွယ်လေးပါ ခင်ဗျာ....။သစ်ပင်ကြီးကို ခုတ်လှဲပီး ပင်စည်က အ၀ိုင်း တွေကို ရေတွက်ကြည့်လိုက်တယ်လေ...

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Blogger Widgets