Thursday, December 12, 2013

နည်းပညာတွေက သင့်ရဲ့ ချစ်ရေးချစ်ရာကိစ္စတွေကို ပျက်စီးစေသလား ....


သင့်ရဲ့ ချစ်သူကောင်မလေးဆီကနေ အဆက်မပြတ်လာနေတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကြောင့် သင့်ရဲဖုန်းကို ကိုင်ပေါက်ပစ်လိုက်ချင်တဲ့ ခံစားမှုမျိုး ဘယ်နှစ်ခါများကြုံဖူးပါသလဲ။ ဘယ်ရောက်နေလဲ၊ ဘာလို့ဖုန်းမခေါ်တာလဲ၊ ဘာတွေလုပ်နေတာလဲ၊ တခြားကောင်မလေးတစ်ယောက်နဲ့ အတူရှိနေတာလား၊ သူ့ကိုငါ့ထက်ပိုကြိုက်နေလို့လားစတဲ့ message မျိုးတွေပေါ့။

သင့်ရဲ့ ချစ်သူကောင်မလေးဆီကနေ အဆက်မပြတ်လာနေတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကြောင့် သင့်ရဲဖုန်းကို ကိုင်ပေါက်ပစ်လိုက်ချင်တဲ့ ခံစားမှုမျိုး ဘယ်နှစ်ခါများကြုံဖူးပါသလဲ။ ဘယ်ရောက်နေလဲ၊ ဘာလို့ဖုန်းမခေါ်တာလဲ၊ ဘာတွေလုပ်နေတာလဲ၊ တခြားကောင်မလေးတစ်ယောက်နဲ့ အတူရှိနေတာလား၊ သူ့ကိုငါ့ထက်ပိုကြိုက်နေလို့လားစတဲ့ message မျိုးတွေပေါ့။
နည်းပညာအလွန်မြင့်မားပြီး အရွယ်အစားသေးငယ်တဲ့ စက်ကိရိယာတွေနဲ့အတူ ဖွံ့ဖြိုးလာတဲ့အင်တာနက်နဲ့ လူမှုဆက်သွယ်ရေးကွန်ယက်တွေဟာ ယောကျာ်းလေး၊မိန်းကလေး date လုပ်တဲ့ စည်းမျဉ်းတွေ အစဉ်အလာတွေကို ပြောင်းလဲပစ်လိုက်ပါတယ်။ ခေတ်သစ်မှာ အဆတ်မပြတ်ရိုက်နှိပ်နေရတဲ့ message နဲ့ စကားစမြည်ပြောနေကြပြီး၊ ဖုန်းပြောပြီးတော့ တစ်ယောက်နဲ့တစ်ယောက်အငြင်းအခုန်လုပ်နေကြသလို statu တွေနဲ့  tweet တွေက စိတ်ခံစားမှုတွေဖေါ်ပြဖို့အတွက် ဖြစ်လာပါတယ်။ မျိုးဆက်သစ်လူငယ်တွေကတော့ လူခေါ်ခေါင်းလောင်းတီးမှာ မဟုတ်ဘဲနဲ့ အိမ်ရှေ့မှာရောက်နေပြီဆိုတာကို ဖုန်းခေါ်တာ (ဒါမှမဟုတ်) message ပို့တာမျိုးပဲလုပ်ကြမှာပါ။ လေ့လာမှုတစ်ခုအရ နည်းပညာဟာ ခေတ်သစ်ရဲ့ အချစ်ရေးကိစ္စတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုများစေကြောင်း အောက်မှာ ပြောပြထားပါတယ်။
နည်းပညာအပေါ် တပ်မက်လာမှု
Date မလုပ်ခင် ကာလာမှာတော့ message ပို့တာဟာ စိတ်လှုပ်ရှားမှု အစပျိုးဖို့ အရမ်းကောင်းတဲ့ နည်းလမ်းတစ်ခုပါ။ ဒီနေ့ခေတ်ရဲ့ ချစ်သူစုံတွဲတွေဟာ အချိန်ကုန် လူပန်းဖြစ်စေတဲ့ လက်ရေးရည်းစားစာတွေ ပေးမယ့်အစား SMS တွေနဲ့ပဲ ချစ်စကားဆိုကြပါတယ်။ မကောင်းတဲ့အချက်ကတော့ သင်အရင်ကရှိခဲ့တဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို နည်းပါးစေတာ ဖြစ်ပါတယ်။ ဖူးစာရှာဖွေရေး Website တွေကနေ သင့်ချစ်သူရဲ့ ဓာတ်ပုံနဲ့ကိုယ်ရေးအချက်တွေကို အချိန်မရွေး လူတကာကကြည့်နိုင်တာတွေကြောင့် ရင်ခုန်စရာစိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်ချက်တွေမရှိနိုင်တော့ပါဘူး။ လူသားတစ်ယောက်ရဲ့ အထိအတွေ့တစ်ခုထဲက ပေးစွမ်းနိုင်တဲ့ အပြန်အလှန်နားလည်မှုတွေ ဖေါ်ပြလို့ မလွယ်ကူတဲ့စိတ်ခံစားမှုတွေ နွေးထွေးမှုတွေ မရနိုင်တော့ပါဘူး။
စွမ်းအားမြင့်ကမ္ဘာသစ်
မျိုးဆက်သစ်လူငယ်တွေဟာ အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်ရဖို့ကို digital နည်းပညာတွေကိုသာ အားပြုနေကြရပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်စကားပြောတာမျိုး မလုပ်နိုင်ကြတော့ဘဲ FaceTime  application  လိုဟာမျိုးကိုသာအသုံးပြုနေကြပါတယ်။ ‘Tweet me’, ‘Whatsapp me’  နဲ့ e-flirtin တွေကတော့ လူငယ်တွေရဲ့ ချစ်ရေးဆိုရာမှာ သုံးပြုတဲ့နည်းလမ်းတွေဖြစ်လာပါပြီ။ ကျွန်ုပ်တို့ရဲ့ အကြောင်းမှန်သမျှကို internet အပေါ်မှာ တင်ထားပြီး ကျွန်ုပ်တို့ရဲ့လက်တွေကို smart phone တွေပေါ်မှာ ကော်ကပ်သလိုကပ်ထားတဲ့ခေတ်ကြီးထဲမှာ အချစ်ရေးမှာ ဣနြေ္ဒဆည်တဲ့အပြုအမူမျိုးကတော့ ထူးဆန်းနေပါလိမ့်မယ်။ ဥပမာအနေနဲ့ သင့်ရဲ့ Facebook နဲ့Twitter ပေါ်က လှုပ်ရှားမှုအသစ်တွေကို လူတိုင်းမြင်နေရချိန်မှာ သင်ကအလုပ်များနေလို့ ဖုန်းမခေါ်ဖြစ်တာပါတို့၊  Message ပြန်ပို့ဖို့အချိန်မရလို့ပါ ဆိုတာမျိုး စတဲ့ အကြောင်းပြချက်မျိုးတွေ ပေးလို့မရပါဘူး။ တကယ်တော့ ဆက်သွယ်ရေးနည်းပညာတွေ အလွန်လွယ်ကူလျှင်မြန်သွားတဲ့အတွက် ချစ်ရေးဆိုချိန် ဖြစ်ပေါ်စေတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အမှတ်တရတွေနဲ့ အချစ်နဲ့ပါတ်သတ်တဲ့ ခံယူချက်တွေ၊ အတွေးအခေါ်တွေ ပျောက်ဆုံးသွားခဲ့ပါပြီ။
အဆက်အသွယ်မပြတ် ရှိပါစေ
အမျိုးသမီးတွေဟာ စကားလုံးတွေကို သာယာတတ်ကြပါတယ်။ သူတို့နဲ့ထိုက်တန်တဲ့ ဒီသာယာမှုကိုရဖို့ ကြားခံဆက်သွယ်ရေးနည်းမျိုးစုံကို သုံးကြပါတယ်။ အမျိုးသားတွေကတော့ သူတို့ရဲ့ချစ်သူကို စိတ်ပျော်ရွှင်မှုပေးနိုင်ဖို့cell phoneတွေကို ပိုပြီး အသုံးပြုတတ်ကြပါတယ်။ ကျွန်ုပ်တို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဒီခေတ်ကြီးကတော့ ခေတ်သစ် အချစ်ဇာတ်လမ်းတွေ အတွက် လမ်းညွှန်စာအုပ်အသစ်တစ်အုပ် ရေးလိုက်သလိုပါပဲ။ သင်ဟာ date  လုပ်နေဆဲသူတစ်ယောက် ဆိုရင်တော့ နည်းပညာအသစ်တွေကို အကောင်းမြင်မှာပါ။ ငြင်းဆန်မနေပါနဲ့တော့ သင့်ရဲ့ tweet က အရမ်းမိုက်တဲ့ ချစ်သူတစ်ယောက်ကိုရှာပေးနိုင်မလား ဆိုတာဘယ်သူပြောနိုင်မှာလဲ။ ချစ်သူတစ်ယောက်ရဖို့အတွက် သင့်အိမ်ထဲက အိမ်ပြင်ကိုတောင် ထွက်စရာလိုမှာမဟုတ်တော့ပါဘူး။


                                www.trend.com.mm မှကူးယူဖေါ်ပြသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Blogger Widgets