Friday, December 6, 2013

အဖေလည်းမှားတယ် (ဟာသ)


လူပျိုပေါက်လေး သားငယ်ဟာ အဖေ ဖြစ်သူကို ဝမ်းသာအားရနဲ့ ယခုလို တိုင်ပင် စကား သွားဆိုပါတယ်။

"အဖေရေ။ သား ဘယ်ဘက်အိမ်နီးချင်းအိမ်က ရိုစီကို စိတ်ဝင်စားတယ်။ အဲဒါ သား ဖွင့်ပြောလိုက်တော့မယ်နော်"

အဖေဖြစ်သူက--

"နေအုံးသား။ မင်းကို အဖေ ဖွင့်ပြောဝန်ခံစရာရှိတယ်။ အမေ့ကို လုံးဝ(လုံးဝ) ပြန်မပြောဖို့ကတိပေး" လို့ဆိုတဲ့အခါ သားက "ဟုတ်" လို့ ဖြေပါတယ်။ ဒီတော့ အဖေဖြစ်သူက ဖြေပါတယ်။

"ရိုစီက မင်းနဲ့ မောင်နှမတော်တယ်"

သားငယ်ခမျာ စိတ်ပျက်ပြီး လက်လျော့လိုက်လိုက်ပါတယ်။ နောက်တစ်လ အကြာတော့ ဒီလိုပဲ နောက်တစ်ယောက်တွေ့တဲ့အခါ အဖေဖြစ်သူ ကို ပြန်တိုင်ပင် ပြန်ပါတယ်။

"အဖေရေ ညာဘက် အိမ်နီးချင်းမိသားစုက ကေတီကို ဖွင့်ပြောလိုက်တော့မယ်ဗျာ"
အဖေဖြစ်သူကတော့ ဒီလိုပဲ ပြန်ဖြေပါတယ်။ "အဲဒါလည်း မင်းအစ်မပဲ သား"
သားခမျာ တော်တော်လေး ဝမ်းနည်းသွားပါပြီ။ ဒီလိုနဲ့ ၄ လတာ ကာလအတွင်း ရပ်ကွက်ထဲက နောက်ထပ် ကောင်မလေး လေးဦးကို စိတ်ဝင်စား ကြောင့် အဖေ့ကို ထပ်တိုင်ပင်ပြန်ပါတယ်။ ဝမ်းနည်းစွာပဲ ယင်း ကောင်မလေး လေးဦးစလုံးဟာလည်း သားနဲ့ဆွေမျိုးတော်ကြောင်း အဖေက ဖြေတော့ မနေနိုင်တော့ပါ့ဘူး။

ကလေးလိုပဲ ဝမ်းနည်းငိုကြွေးစွာနဲ့ အမေ့ကို ယခုလို သွားတိုင်ပြောပါတော့ တယ်။

"အမေရေ သား ကောင်မလေး ၆ ယောက်ကို ချစ်ကြိုက်ဖို့ ဖွင့်ပြောမယ် ပြောတာ အားလုံးက အဖေ့သမီးချည်း ဖြစ်နေတယ်"

အမေဖြစ်သူ အေးဆေးစွာပဲ အောက်ပါအတိုင်း ပြန်ဖြေလိုက်တော့တယ်။

"ဝမ်းမနည်းနဲ့သား။ အားလုံးကို မင်းဖွင့်ပြောပိုင်ခွင့်ရှိတယ်။ သူကလည်း မင်းအဖေ အစစ်မဟုတ်ပါဘူး"

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Blogger Widgets