Friday, December 13, 2013

၂၀၁၃ခုနှစ် ခရစ်စမတ် လက်ဆောင်အဖြစ် ထိပ်တန်းဖုန်း၅လုံး


စွယ်စုံရ iPhone 5S ကအစ အကောင်းဆုံးကင်မရာ ဖုန်းတစ်လုံးလို့ အမွှမ်းတင်ခံရတဲ့ Nokia Lumina 1020, ဆမ်ဆောင်းထုတ် Galaxy Note IIIအဆုံး ခရစ်စမတ် လက်ဆောင်ကောင်း ဖြစ်စေမယ့် ရွေးချယ်စရာ ထိပ်တန်း ဖုန်း၅လုံးကို တင်ပြပေးလိုက်ပါတယ်။ နည်းပညာသမားတစ်ယောက် အတွက်ပဲဖြစ်ဖြစ်၊ ဖက်ရှင်ကျခေတ်လူငယ် တစ်ယောက်အတွက်ပဲဖြစ်ဖြစ် လက်ဆောင်ပေးဖို့အတွက် အကောင်းဆုံးတွေပဲ ဖြစ်ပါတယ်။ 41-megapixel စမတ်ဖုန်းတစ်လုံး ဖြစ်အောင် ကင်မရာပြောင်းတပ်လို့တောင် ရပါတယ်။


၁။စွယ်စုံရ အကောင်းဆုံး စမတ်ဖုန်း (Apple iPhone 5S)

အသွင်လှရုံသာမက၊ andonized အလူမီနီယံကိုယ်ထည်ပါ ဖုန်းတစ်လုံးဖြစ်တယ်။ 64-bit processor ကိုထည့်သုံးထားတဲ့ ဦးဆုံးဖုန်းတစ်လုံးဖြစ်တဲ့ အတွက် ဂရပ်ဖစ်အကောင်းစားတွေနဲ့ ရှုပ်ရှုပ်ထွေးထွေးလုပ်ထားတဲ့ app အလေးကြီးတွေကို အေးဆေးနိုင်တယ်။ ပြီးတော့ စက်ပေါ့တယ် (သိပ်မြန်တယ်)။ လှုပ်ရှားရုပ်ပုံတွေနဲ့ အာရုံခံကိရိယာတွေအတွက် ဒုတိယ processor ပါရှိတယ်။ ဖုန်းဖွင့်ဖို့ PIN code ရိုက်ထားစရာမလိုဘဲ၊ home key ပေါ် လက်တင်ရုံနဲ့ လက်ဗွေဖတ်စနစ်နဲ့ unlock လုပ်လို့ရတယ်။ ဖုန်းဗူးခွံ ပါထည့်တွက်ရင်တောင်မှ ပါးလွှာနေတုန်းပဲ။ အလေးချိန် သိပ်မရှိဘူး။ လက်တစ်ဖက်တည်းနဲ့ သုံးလို့ရလောက်တဲ့ထိ ပါးလွှာတယ်။


၂။အကောင်းဆုံး phablet (Samsung Galaxy Note III)

Tablet တစ်လုံးနီးပါးလောက် မျက်နှာပြင်ကျယ်တဲ့ ဖုန်းတစ်လုံး စဉ်းစားတော့မယ်ဆိုရင် Note IIIက အကောင်းဆုံးပဲ။ Phablet လို့ခေါ်မလား၊ fonblet လို့ခေါ်မလား (ကြိုက်သလိုသာခေါ်တော့) ဒီလိုဖုန်းတစ်လုံး ထုတ်နိုင်တဲ့အတွက် Samsung က ဂုဏ်ယူနေတာ။ Samsung ကထုတ်ခဲ့ဖူးသမျှ စက်တွေထဲမှာ အပေါ့ဆုံး၊ အမြန်ဆုံး၊ စွမ်းအားပြည့်ဆုံး ဖုန်းတစ်လုံးလဲဖြစ်တယ်။ ၅ ဒဿမ ၇ လက်မအရွယ် HD display ပါတယ်။ 3.0 USB ကိုသုံးထားတဲ့အတွက် ကွန်ပျူတာနဲ့ ချိတ်ရင် data transfer နှုန်းပိုမြင့်တယ်။ သူ့မှာပါတဲ့ Feature တွေအကြောင်းပြောမယ် ဆိုရင်လည်း သိပ်ကိုကျယ်ပြောလွန်းတယ်။ ultra HD ဗီဒီယိုရိုက်ကူးနိုင်တာကအစ ပေါ့လေ။ Feature တွေလိုက်စမ်းသုံးနေလို့ကို ကုန်မှာမဟုတ်တော့ဘူး။


၃။အကောင်းဆုံး Android အထင်ကရဖုန်း (HTC One)

Android ဖုန်းတစ်လုံးမှာ စိတ်ဝင်စားဖွယ် ဒီဇိုင်းရှိရင်ရှိ၊ မရှိရင် မှတ်ဉာဏ်ပမာဏများ၊ အလုပ်လုပ်နှုန်းမြင့်၊ ရုပ်ထွက်ကောင်း ရတော့မှာပေါ့။ ကိုယ်နဲ့အကျွမ်းတ၀င်ဖြစ်မယ့်ဖုန်း၊ iPhoneလို ရသပိုင်းတွေ ပေးစွမ်းနိုင်မယ့် ဖုန်းတစ်လုံးရဖို့အတွက်ဆိုရင်တော့ HTC Oneက အနီးစပ်ဆုံးပဲ။ Dr. Dre audio boostနဲ့လည်း အသံပိုင်းကို သပ်ရပ်အောင်လုပ်ထားတယ်။ မှတ်ဉာဏ်ကတ် ထပ်စိုက်လို့မရတာပဲရှိတယ်။


၎။အကောင်းဆုံး ကင်မရာဖုန်း (Nokia Lumina 1020)

Windows Phoneတွေအနေနဲ့ app ပိုင်း လုပ်ဆောင်ချက်ပိုင်းတွေမှာ လိုက်မှီအောင်အများကြီးလုပ်ရဦးမယ်။ ဓာတ်ပုံပညာပိုင်းမှာတော့ Noika Lumina 1020ကို ယှဉ်နိုင်သူ နတ္ထိ။ ဖုန်းကိုယ်ထည် ကျောဘက်မှာပါတဲ့ အနက်တုံးလေးက လက်တွေ့အသုံးဝင်ပါတယ် (41-megapixel image processor ကိုတပ်သုံးဖို့ဆို တခြားဘာနည်းနဲ့ လုပ်လို့ရဦးမှာလဲ။) ကင်မရာလှုပ်ခါသွားတာမျိုး လုံးဝမဖြစ်စေဖို့အတွက် မှန်ဘီလူး ၆ထပ်သုံးထားပါတယ်။ ပုံထွက်ကောင်းတဲ့ ကင်မရာပေါ်မှာ ဖုန်းပြောချင်နေတဲ့ ဓာတ်ပုံသတင်းထောက်တွေ အဖို့ စိတ်ဝင်စားစရာပေါ့။ ခုဆို Window ဖုန်းတွေပေါ်မှာ Instagram သုံးလို့ရနေပြီမို့ Nokia Lumina 1020 သုံးတဲ့သူတွေဟာ သူ့တို့ရဲ့ ဓာတ်ပုံတွေကို ကျယ်ကျယ်ပြန့်ပြန့် ချပြနိုင်ပြီပေါ့။


၅။ဈေးနှုန်းအသင့်တော်ဆုံး ဖုန်း (Motorola Moto G)

ထိပ်တန်း နဲ့ အလယ်အလတ် feature တွေကို ရောသုံးထားတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး ကန်ဒေါ်လာ၂၀၀ အောက် တခြားဖုန်းတွေနဲ့ ကြိုက်သလိုယှဉ်လို့ရပါတယ်။ ၄ ဒဿမ ၅လက်မ မျက်နှာပြင်၊ သင့်တင့်တဲ့ ကင်မရာ၊ ထူးကဲတဲ့ processor ပါရှိပါတယ်။ သူ့ရဲ့ ကိုယ်ထည်၊ ကျော်ဘက်အဖုံးတွေကို လိုချင်တဲ့ပုံစံ ပြောင်းတပ်လို့လဲရသေးပါတယ်။


                                             www.trend.com.mm မှကူးယူဖေါ်ပြသည်။





0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Blogger Widgets