Monday, December 9, 2013

နားကြပ်တပ်နားထောင်စဉ် ဘေးက ဆူညံသံကြားရင် သီချင်းသံကို အလိုလျောက် Pause လုပ်ပေးမယ့် Around Sound Pro apk







Earphone တပ်ပြီး သီချင်းအကျယ်ကြီးနားထောင်နေလို့ပတ်ဝန်းကျင်အသံတွေကို မကြားရမှာ စိုးရိမ်နေသူတွေအတွက် Around Sound ဆိုတဲ့ App က ပတ်ဝန်းကျင်မှာ အသံကျယ်ကျယ်တစ်ခု
ထွက်ပေါ်လာရင် သီချင်းသံကို ခဏ Pause လုပ်ပေးပါလိမ့်မယ်။
နားကြပ်နဲ့ သီချင်းနားထောင်တဲ့အခါ ကျွန်တော်တို့တွေ ပတ်ဝန်းကျင်အသံ ဘာကိုမှ မကြားရတော့ပါဘူး။ ဥပမာ မိဘများက ကိုယ့်ကို အော်ခေါ်တဲ့အခါ၊ ဘေးနားကိုတစ်ယောက်ယောက် စကားလာပြောတဲ့အခါ Around Sound ရဲ့ Sound Meter က ဆူညံသံများကို အမြဲနားစွင့်နေပါတယ်။
အသံတစ်ခုခုကြားတာနဲ့ သီချင်းသံကို ခဏ ရပ်ထားမှာဖြစ်ပါတယ်။
အသံမကြားရတော့ရင် သီချင်းသံကို ပြန်ဖွင့်ပေးပါမယ်။ ဒါကြောင့် သီချင်းနားထောင်နေရင်း ပတ်ဝန်းကျင်အသံ မကြားရမှာ စိုးရိမ်စရာမလိုတော့ဘူး။ စိတ်ချလက်ချ သီချင်းနားထောင်နိုင်တာပေါ့ဗျာ။

Around Sound app ကို ဖွင့်လိုက်တာနဲ့ Start ကို နှိပ်လိုက်ရင် စတင်အလုပ် လုပ်ပါပြီ။ အသံဆူညံမှု အာရုံခံ (Sound Meter) level ကိုလဲ setting ထဲမှာ ကိုယ့်စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ Sensitivity level များရင် အသံတိုးတိုးကြားတာနဲ့ သီချင်းရပ်သွားပါမယ်။ နောက်တစ်ခုက Around Sound ဖွင့်လိုက်တာနဲ့ တစ်ခြား App တစ်ခုပါ အတူတူပွင့်အောင် လုပ်နိုင်ပါတယ်။ ဥပမာ Around Sound ကို ဖွင့်လိုက်ရင် Music Player ကိုပါပွင့်အောင် လုပ်နိုင်ပါတယ်။ Setting ထဲတွင် Targe Media App နေရာမှာ ကိုယ်ဖွင့်လိုသော App ကို ရွေးပေးပြီး Auto Launch and Start ကို ON လိုက်ရင် ရပါပြီ။ အသုံးဝင်တဲ့ App လေးမို့ တင်ပေးလိုက်ပါတယ်။ Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

မှတ်ချက် - နားကြပ်တပ်ထားမှသာ Around Sound က အလုပ် လုပ်ပါတယ်။ နားကြပ်တပ်မထားရင် အလုပ်မလုပ်ပါဘူး။ နားကြပ်မှာပါတဲ့ mic ပေါက်ကို အသုံးပြုပြီး Sound Meter က အသံများကို အာရုံခံခြင်းဖြစ်ပါတယ်။

                                                      download - (1.5MB)

              ဒီ Application ကို myanmarmobileapk.com မှကူးယူပြန်လည်မျှဝေပါသည်။



                                                                               
                                                        
                                                                     Download Solidfiles


                                                                   Download Dev-Hos






0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Blogger Widgets