Sunday, January 5, 2014

Facebook ပရိုဂရမ်တွေဟာ ကျုပ်တို့ရဲ့ အတွင်းရေးတွေကို ဖောက်ချစားသုံးနေ


Facebook ပရိုဂရမ်တွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖောက်ချစားသုံးနေပြီး အတွင်းရေးတွေကို အလွဲသုံးစားလုပ်ခံရတဲ့ အသုံးပြုသူတိုင်းဟာ ကန်ဒေါ်လာ ၁၀၀၀၀ ဆီရသင့်ပါတယ်လို့ တရားစွဲဆိုထားပါတယ်။
Facebook ဟာ ကျွန်တော်တို့ရဲ့ အတွင်းရေး မက်ဆေ့ခ်ျတွေကို third parties တွေနဲ့ မဝေငှပါဘူးလို့ ကတိခံထားပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရေးလိုက်တဲ့ မက်ဆေ့ခ်ျထဲမှာ URL တစ်ခုပါပြီဆိုတာနဲ့ Facebook ဆော့ဖ်ဝဲလ်တွေကနေ အလိုအလျောက် ဖတ်မှာဖြစ်ပြီး ကြော်ငြာတွေရဲ့ ချိန်ရွယ်ရာဖြစ်သွားပါတယ်။ အတွင်းရေးမက်ဆေ့ခ်ျတွေ ပြောရတာ Public မှာ “like” လုပ်ရတာ၊ “Post” လုပ်ရတာနဲ့ ဘာမှမခြားနားတော့သလို ဖြစ်သွားပါတယ်။
Facebook ရဲ့ “Private Messaging စနစ်”ဟာ တကယ်တော့ အလိမ်အညာကြီးတစ်ရပ်ပါ လို့ Facebook အသုံးပြုသူနှစ်ယောက်ဖြစ်တဲ့ Matthew Campbell နဲ့ Michael Hurleyတို့က တရားစွဲဆိုခဲ့တာပါ။ Facebook အသုံးပြုသူ အမေရိကန်သား ခန့်မှန်းခြေ ၁၆၆သန်းဟာ လျော်ကြေးငွေအနေနဲ့ ကန်ဒေါ်လာ ၁၀၀၀၀စီပြန်ရသင့်တယ်လို့လဲ လက်ခံယူဆထားပါတယ်။
ဒီတရားစွဲဆိုမှုကို ကယ်လီဖိုးနီးယားပြည်နယ်မှာ လုပ်ခဲ့တယ်လို့ သိရပါတယ်။

                                      Trend.com.mm မှကူးယူဖေါ်ပြသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
Blogger Widgets